top of page

အောင်သွယ်တော် ကာမဒေဝနတ်အစီအရင်


ဒီတခါတော့ crush ရှိတဲ့သူတွေ၊ တစ်ဖက်သတ်ချစ်နေရပါတယ်ဆိုတဲ့ သူတွေအတွက် ဘယ်လိုအစီအရင်တွေလုပ်ရမလဲ၊ ဘာဂါထာမန္တန်တွေရွတ်ဆိုရမလဲ ဆိုတဲ့သူတွေအတွက်ပါ ။ One Sided Love သမားတွေအတွက်ပေါ့ဗျာ။


အချစ်ရေးနဲ့ပတ်သတ်တဲ့ အစီအရင်တွေက မြန်မာ့လောကီပညာမှာ အများကြီးရှိပါတယ်ဗျ၊ ဒါမဲ့ ယခု ကျနော်ဝေမျှပေးမှာကတော့ ရှေးဟောင်း ဣိန္ဒြိယ နည်းလမ်းတခုဖြစ်တဲ့ အောင်သွယ်တော် အချစ်နတ် ခေါ် ကာမဒေဝ ကို ပူဇော်ပသပြီး သက္ကတ ဂါထာမန္တရားရွတ်ပြီး အကူအညီတောင်းခံတဲ့နည်းလမ်းပါ။


အစက ဂါထာပဲ တင်ပေးမလို့ပါ၊ ပူဇော်ပသနည်းပါပါရင် ပိုကောင်းမယ်ယူဆလို့ တခါတည်းတင်ပေးလိုက်ပါတယ်။ လုပ်ဆောင်ရတာ အရမ်းမခက်ခဲပါဘူး။ ဝေဒပူဇော်ပွဲ puja နည်းလမ်းတွေကတော့ အတိအကျလုပ်ဆောင်ပီး လိုက်နာရပါတယ်။ အခုနည်းလမ်းကတော့ သာမာန်လူတွေ လုပ်ဆောင်လို့ရပြီး မေတ္တာ၊စေတနာစိတ်နဲ့ အောင်သွယ်တော်နတ်ကို offer ပေးပြီး အကူအညီတောင်းတဲ့ နည်းလမ်းမျိုးဖြစ်ပါတယ်။


လောကကြီး လည်ပတ်ရုန်းကန်နေဖို့အတွက် ကာမဆန္ဒဆိုတာကလဲ အရေးကြီးပါတယ်။ ထို့အတူလိုအပ်ချက်အရလဲ ကာမနတ်ဘုရား (ကာမဒေဝ) ဆိုတာကလဲ ပေါ်ပေါက်လာရပြီး။ လူသားမိန်းမနဲ့ယောကျ်ားချစ်ခင်ပေါင်းဖက်စေပြီး လူ့လောကကြီးကို ဆက်လက်ပံ့ပိုးပေးပါတယ်။


အောင်သွယ်တော်နတ်ကို ပူဇော်ပသပြီး ကိုယ်ချစ်တဲ့သူနဲ့ အောင်သွယ် ကူညီခိုင်းတဲ့ နည်းလမ်းကို ပြောပြပေးပါမယ့်။


လိုအပ်တဲ့ ပစ္စည်းတွေအရင်ပြောပါမယ်။


1.ပန်းထည့်ရန် အိုးတစ်လုံး၊ ပရိတ်အိုးလိုမျိုး ။


2. စန္ဒကူးရနံ့ အမွှေးတိုင် တစ်ထုတ်၊ ကူကူမံ အမှုန့်အနည်းငယ် ။


3. ဆီမီးခွက်လေး တစ်ခွက်၊ ထောပတ်ဆီနဲ့ မီးစာတံ ။


4. အမွှေးနံသာရှိတဲ့ပန်းများ ပန်းရောင်၊ အဖြူရောင်များ ၊ သရက်ပွင့် ၊ သရက်ရွက် ။


5. မိမိဝတ်ဖို့ ပန်းရောင်ရှိတဲ့ ကျားဆို ပန်းရောင် အကျီ။


6. နွားနို့ဆမိုင် တစ်ပွဲ (သို့)

နွားနို့ဆန်ပြုတ် သကြားထည့် တစ်ပွဲ(သို့) နွားနို့တစ်ခွက် သကြားထည့်။


7.ဣိန္ဒြိယ ရိုးရာမုန့် အချိုလေးများ

သောကြာနေ့မှာ စလုပ်နိုင်ရင်အကောင်းဆုံးပါ။

- ပထမဆုံး ရေမိုးချိုး၊ ပန်းရောင်ရှိတဲ့ အဝတ်အစားကို ဝတ်ဆင်ပါ။

- နံနက်စောစော နေထွက်ပီးတဲ့ အချိန်၊ အနောက်မြောက်ထောင့်အရပ်ကို မျက်နှာမူထားရမယ်။

အရင်ဆုံး အရှင် ဂနေ့ရှ်ကို အာရုံပြုဆုတောင်းရမည်။

ပြီးရင် အနောက်မြောက်ထောင့်အရပ်မှာ ကာမဒေဝအောင်သွယ်တော်နတ် ဓာတ်ပုံကို ထောင်ထားပါ။ ၎င်းအရှေ့မှာ အိုးကိုချ ရေဖြည့်ပါ။ ရေထဲ အမွှေးရည် အနည်းငယ်ဖြည့်ပါ၊ အိုးအတွင်း ပတ်လည်မှာ သရက်ရွက် ၇ ရွက်ကို ရေထဲ ၄ ပုံ ၁ ပုံ မြုပ် အနေအထားစီထားပါ။ ပြီးလျှင် ပန်းရောက် ပန်းပွင့်တွေကို အိုးထဲ ပြည့်အောင်ထည့်ပါ။ သရက်ပွင့်လေးတွေ ကြားမှာထည့်ပါ။


ဒီနေရာမှ ဖြည့်စွက်ပြောချင်တာက ရှေးခေတ် ကာမသျှတ္တရကျမ်း၊ ကာမဆုသရကျမ်းတွေ နည်းလမ်းအတိုင်း လုပ်လိုလျင်ရင်တော့ တတ်သိနားလည်တဲ့သူတွေက kalash ကာလရှ် အိုးနဲ့ပြုလုပ်ပါ။

မလုပ်တတ်တဲ့ သူတွေကတော့ ပန်းအိုးအနေနဲ့ပဲ စီမံပါ။


ပြီးရင် ပန်းအိုးကို ကူကူမံ မှုန့်အနီနဲ့အနည်းငယ်တို့ပေးပါ။ လှူဒါန်းဖွယ်ရာတွေချပါ၊ စန္ဒကူးနံ့ အမွှေးတိုင်ထွန်းပါ၊ ထောပတ်ဆီမီးထွန်းပါ။


အောက်ပါ ဂါထာကို ၁၀၈ ကြိမ်ရွတ်ပီးပင့်ပါ။


ကာမဒေဝ အောင်သွယ်တော်နတ် မန္တရား


ကလင်းမ် ကာမယ့်သျွှာ-ရယ နမာ့ဟ်

Kleem Kameshwaraya Namah:

क्लीं कामेश्वराय नमः॥


ကလင်းမ် ကို ရွတ်တဲ့အခါ ee နေရာ ပါးကိုအနောက်အနည်းငယ်ဖြဲပီး M သံနဲ့ပါးစပ်ပိတ်ပါ။

သက္ကတ (sanskrit ) ဘာသာရွတ်လျှင် ရ ကောက်ကို R သံ ထွက်ရပါမယ်။ ya ကို ယပလက်သံပါ။


အပင့်ဂါထာရွတ်နေချိန် ဆုမတောင်းပါနဲ့အုံး၊ အောင်သွယ်တော် နတ်ကိုပဲ အာရုံပြုထားပါ။ ၁၀၈ ကြိမ်ရွတ်ပါ ။

ပြီးလျှင် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်ကြောင်း လျှောက်ထပါ။ ပြီးမှ မိမိနီးစပ်ချင်တဲ့ သူကို အာရုံထဲ မြင်ယောင်ပီး ဖြစ်ချင်တာ ဆုတောင်းလို့ ရပါပြီ။

ပြီးရင် အောက်ပါဂါထာကို နေ့စဥ် ၂၇ကြိမ် သို့ ၁၀၈ ကြိမ် ပုတီးတပတ်ရွတ်ပေးရင် အတိုင်းထက်အလွန်ပါ။


Om Kama Devaya Vidhmahe, Pushpa Vanaya Dheemahe, Thanno Kama Prachodayath

ဥုံ ကာမ ဒေဗရ ဗစ်ဒ်မဟီ၊

ပုသျှပ ဗာဏရ ဒီးမဟီ၊

တန္နော (တန်နော) ကာမ ပရချိုဒယသ်


( ပရချိုက ချို + ချော် ပေါင်းထားတဲ့အသံမျိုးပါ O အို ရွတ်သလို အသံဆွဲပြီး

ဒယသ် ကို သ နဲ့ဆူံးပြီး ဒယတ်သံမျိုးပိတ်ပါ )


၁၀၈ ကြိမ်နေ့စဉ်ရက် ၄၀ ကြာပြုလုပ်ပါ။


စရွတ်ရင် လေကိုနှာခေါင်းမှ တဆင့်အသက်ပြင်းပြင်းရှူသွင်းပါ၊ ရွတ်နေရင်းပဲ အသက်ရှူထုတ်ပါ။ လေက မန္တရားအသံနဲ့အတူ သင့်ခန္ဓာကိုယ်ရှိဆဲလ်တိုင်းကိုစိမ့်ဝင်သွားပါလိမ့်မယ်။ စရွတ် လေစရှူသွင်း၊ တရှိုက်တည်းဖြစ်ရမယ်၊ ရွတ်ရင်းတန်းလန်း နဲ့ ဖြေးညှင်းစွာ ပြန်ရှူထုတ်ပါ။ နေ့စဥ်ရွတ်ဖတ်ရင် အဆုတ်အားလဲ ကောင်းလာပါလိမ့်မယ်။

မြင်သူတိုင်းချစ်ခင်ပီး ပီယသိဒ္ဓိအောင်လာပါလိမ့်မယ်။


ပြီးလျှင် လျှူဖွယ်ပစ္စည်းတွေကို

စွန့်၍ စားသောက်ပါ။ ပန်းလေးတွေ ၊သရက်ရွက်တွေ ဆောင်ထားပါ။ အ မွှေးရေကို ရေချိုး မျက်နှာသစ် ထည့်သုံးပါ၊ မျက်နှာပွင့် စန်းပွင့်ဆေးဖြစ်ပါတယ်။

တခြားက ရှာစရာမလိုတော့ဘူး။

တခါတည်းစီမံပီးသားဖြစ်ပါပြီ။ အကယ်၍ ၎င်းဂါထာနဲ့ ၁၀၀၈ ကြိမ်ရွတ်ဖတ်ပီး ပါက အကောင်းဆူံး ပီယ ရေမွှေးဖြစ်ပါပြီ။ လေးနက်စွာရွတ်ပါ။


ကာမဒေဝ ပုံစံအသွင်အပြင်က

ငယ်ငယ် ချောချောတဲ့ မိန်းမရှိတယ်။

လက်မှာ ကြံချောင်းနဲ့ပြုလုပ်ထားတဲ့ အောင်သွယ်တော်​လေးကို ကိုင်ထားပါတယ်။


ကြာပွင့်ဖြူ၊ အသောကပန်း၊ သရက်ပွင့်၊ စံပါယ်ပွင့်၊ ကြာပန်းပြာ စတဲ့ ပန်းပွင့်ဖက်ငါးမျိုးနဲ့ လုပ်ထားတဲ့ မြှားတံက ငါးခုရှိပါတယ်တဲ့ ။

ဥသြငှက်၊ ကြက်တူရွေး၊ ပျားပိတုန်းတွေကို စီးနင်းတတ်ပါတယ်။ အဲ့ငှက်ကလေးတွေက အချစ်ရဲ့ သကေ်တလေးတွေပါ။ မိမိ ချစ်သူရှိရာသွားရင်း ၎င်း ငှက်ကလေးတွေတွေ့ရပါက အောင်သွယ်တော် အနားမှာ ရှိနေတတ်တဲ့ သဘောပါ။


မြှားငါးချောင်းမှာ ရည်ရွယ်ချက် ငါးမျိုးရှိပါတယ်။


မိမိကြိုက်တဲ့သူရဲ့

နှလုံးသားကို

ဦးတည်ပြီးပစ်လိုက်ရင် ရင်ခုန်သံတွေမြန်စိတ်လှုပ်ရှားလာပြီး ရင်ထဲမှာ လှိုင်းထပြီးရင်ခုန်သံ မြန်တယ်ဆိုတာမျိုး ဖြစ်လာပါတယ်။

နှုတ်ခမ်းကို

ဦးတည်တာကတော့ စိတ်လှုပ်ရှားလွန်းလို့ ငိုမိတယ် အချစ်ဝဲ ဂယက်မှာ စီးမျောသွား စေတယ်ဆိုတာမျိုးပါ။


ဦးခေါင်း(သို့) ဦးနှောက်ကို

ဦးတည်ပီးပစ်လိုက်ရင် လူတယောက်ဟာ သူ့စိတ်သူမသိတော့လောက်အောင် အချစ်ရဲ့ ပင်လယ်ပြင်ကြီးထဲမှာ မျောသွားတာမျိုး၊

ဒီကောင်မလေး/ကောင်လေးအတွက်နဲ့ အချစ်ရူး ဆိုတာမျိုး ဖြစ်သွားစေတာမျိုးပေါ့။


မျက်လုံးများကို

ဦးတည်ပြီး ပစ်လိုက်ရင်တော့ မောင့်တစ်မျက်နှာ တစ်ရွာထင်ပါတယ်၊ ကိုယ်ကရုပ်ဆိုးနေရင်တောင် ရွှေမင်းသားလေး အလား သူ့မျက်ဝန်းထဲမှ ထင်မှတ်သွားစေတာမျိုးဖြစ်လာပါတယ် ။


နောက်ဆုံး ငါးခုမြှောက်မြှားကတော့ ရှုင်းတယ်၊ ပစ်လိုက်လို့ ဘယ်နားထိထိဗျာ၊ ကိုယ့်ကို ချစ်သွားစေတော့တာပဲတဲ့ ၊ မကောင်းဘူးလားဗျ။


ကဲဗျာ ကိုယ်တစ်ဖက်သတ် ချစ်နေတဲ့မိန်းကလေး သို့ ယောကျ်ားလေးကို ဘယ်မြှားနဲ့ ပစ်ခိုင်းမလဲဆိုတာကတော့ ပင့်ဖိတ်နည်းပေးထားပြီမလို့ အောင်သွယ်တော် နတ်နဲ့တွေ့မှပဲ ဆက်နွေးကြပေါ့ဗျာ။ ☺

စာရှည်နေပါပြီ။


အောင်သွယ်တော်နတ်က ချစ်သူဆီသွားရင် လေပြေလေညှင်းလေးအသွင်ပြောင်းပြီးသွားကာအောင်သွယ် တတ်ပါတယ်တဲ့ဗျာ။

တချို့က physical form မရှိဘူးလို့လဲ ဆိုကြပါတယ်။


အောင်မြင်ကြပါစေ။




အောင်သွယ်တော်နတ် ရုပ်​ပြပုံဖြစ်သည်။

photo credit from google


 
 
 

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

  • Facebook
  • Twitter
  • LinkedIn

©2021 by Min Myat Xhin Naung - Magic Wizardry and Occultism- မင်းမြတ်သျှင်နောင် မှော်အတတ်နှင့် အစီအရင်ပညာ. Proudly created with Wix.com

bottom of page