top of page

ရာဓာ ဂိုဗင်းဒါး မန္တရား Radha Govinda Mantra


ရှေးဟောင်း ဂါထာမန္တရားတစ်ပုဒ်မျှဝေပေးပါမယ်။ မိမိချစ်သူက မိမိအပေါ် စိတ်မရှိတော့ဘူး၊ စိတ်ပေါ့လာပြီဆိုရင် ဒီဂါထာကို ရွတ်ဆိုလို့ရတယ်။ ဒါဆိုရင် နှစ်ဦးကြားမှာ အချစ်စိတ်တွေ တဖန် ပြန်လည်ရှင်သန် နိုးထလာပါလိမ့်မယ်။ ထူးခြားချက်တခုက - ဒီဂါထာကို လေးလေးနက်နက် ဆွဲဆွဲငငင်ငင်နဲ့ ရွတ်လိုက်တယ်ဆိုရင်ပဲ စိတ်ဆိုးနေတဲ့ ချစ်သူက ဖုန်းခေါ်လာတာမျိုး၊ ဝုန်းဆို ရောက်ချလာတာမျိုးတွေ ကြုံရတတ်ပါတယ်။ မိမိကိုလဲ တွေ့မြင်ချင်စိတ်ဖြစ်လာပါတယ်။ လက်တွေ့ကြုံဖူးသူ အများအပြားရှိလို့ မျှဝေပေးလိုက်တာပါ။ လွယ်တယ်ဆိုပြီး အထင်မသေးပါနဲ့။ ရှေးဟောင်း သက္ကတဘာသာနဲ့ရေးစပ်ထားတဲ့ သမိုင်းကြောင်းရှိတဲ့ အဖိုးတန်ဂါထာတပုဒ်ပါ။ ရွတ်ဆိုတဲ့အခါမှာ လေးလေးနက်နက်နဲ့ မိမိချစ်သူရဲ့မျက်နှာကို မြင်ယောင်ပီး လွမ်းဆွတ်တမ်းတစိတ်နဲ့ရွတ်ဆိုပါ။ ထူးခြားလာပါလိမ့်မယ်ဖြစ်ကြောင်းအာမခံပါတယ်။ ဌာန်ကရိုဏ်း ကျအောင်တော့ လေ့ကျင့်ထားပါ။ ပုဒ်ကလေး ချတဲ့နေရာမှာ နားပါ၊ တဖြတ်ပါ။ ဂါထာ '' Radhae Radhae Govinda Radhae, Radhae Radhae Govinda Radhae, Radhae Govinda Radhae Gopala '' '' ရာဓေ ရာဓေ ဂိုဗင်ဒါရာဓေး၊ ရာဓေး ရာဓေး ဂိုဗင်းဒါ ရာဓေး ၊ ရာဓေး ဂိုဗင်ဒါ, ရာဓေး ဂိုပါးလာ '' အဲ့ဒါတစ်ပုဒ်ပါ၊ သီချင်းလိုပုံစံမျိုး အသံနေအသံထားနဲ့ chanting mantra လိုမျိုး ရွတ်ဆိုလို့ရပါတယ်၊ ပုတီးစိပ်ချင်တယ်ဆိုရင် ၁၀၈ လုံးပုတီးနဲ့ တစ်ပတ်စိပ် (သို့) စိတ်ကြိုက်စိပ်လို့ရပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း၅၀၀၀ ကျော်က အလွန်ချစ်ကြတဲ့ ချစ်သူနှစ်ဦးအကြောင်းကို စပ်ဆိုထားတဲ့ ဂါထာမန္တန်တစ်ပုဒ်ပါ။ ရိုးရိုးချစ်သူတွေတော့မဟုတ်ပါဘူး ဒေဝီ ဒေဝတါ တွေပါ။ ဘဂဝမ် အရှင်သခင်တွေလို့လဲ ခေါ်ဝေါ်သမုတ်ခဲ့ကြပါတယ်။ မရှင်းတာရှိရင်မေးခဲ့ပါဗျ။ #radhae_govinda_mantra #don_frado #minmyatxhinnaung photo credit from google

 
 
 

Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

  • Facebook
  • Twitter
  • LinkedIn

©2021 by Min Myat Xhin Naung - Magic Wizardry and Occultism- မင်းမြတ်သျှင်နောင် မှော်အတတ်နှင့် အစီအရင်ပညာ. Proudly created with Wix.com

bottom of page