top of page
အပြိုင်အဆိုင်အားကစားပွဲနိုင် ပေါရိသာဒအင်းအစီအရင်

အပြိုင်အဆိုင်အားကစားပွဲနိုင် ပေါရိသာဒအင်းအစီအရင်

#ပေါရိသာဒအင်း

၎င်းပေါရိသာဒ အင်းကို

ကျောက်ပြားတွင်ရေး၍ ရေတွင်ချသော် ပေါ်၏။ လှေပြိုင်ပွဲများမှာ လှေပဲ့မှာချရသည်။ နွားပြိုင်ပွဲများမှာ လက်ဖွဲ့ထိုး၍ ဆောင်ပြီးလျှင် မြင်း၊နွားတို့ကို စီးနင်းသူများက

'' ငါသည် ရဲရင့်သော ကေသရာဇာ ခြသေ့်မင်းကို စီးနင်းသော ပေါရိသာဒမင်း ဖြစ်သည် '' ဟု စိတ်ကကြိမ်းဝါးပြီး စီးနင်းဆောင်ရွက်ရမည် -

ထိုသို့ဆိုလျှင် သူတပါးတို့ထက် သာလွန်သည်၊ လျှင်မြန်သည်၊ သူတပါးတို့ကြောက်ရွံ့ ကြရသည်။ မိမိစီးသောမြင်း၊ လှေ ၊ယာဥ်တို့ကို သူတပါးတို့ မကျော်နိုင်၊ ကျော်လည်း

မတက်ဝံ့ကြချေ။

အချိန်နက္ခတ်ကောင်းတွင်ချ၍ လက်ဖွဲ့ထိုး၍ ကိုယ်တွင်ဆောင်ပါက အလွန်ပေါ့ပါးလျှင်မြန်၏၊ ခွန်အားဗလကြီး၏၊ ရေတွင်မနစ်။ ဒုတ်၊ အုတ်၊ ဓား၊ ကြိုး၊ ကြိမ်၊ လှံ၊ကပ်ဖိ ၊ သစ်ချွန်၊ စိန်ပြောင်း ခံသည် အပါး ၃၀ ပြီးသည်ဟု ဆိုသည်။

အသက်မရှိသော မိုး၊လေ၊ရေ၊မီး စသည်တို့ကိုပင် တားဆီးနိုင်နင်းသည်ဟု ကျမ်းစာမှာပါရှိသည်။

တခါက အဝမြို့တော်တွင် ရေအလွန်ကြီးသဖြင့် အောင်ထွန်းသာတံခါး၊ လေသာတံခါးတို့ကို ရေ ၂- တောင်

ခန့် တက်ပြီး မြို့တွင့်သို့လည်း ရေများစွာဝင်သည်နှင့် မြို့သူ၊မြို့သားတို့က ဗေဒင်တတ်သူ၊ နတ်မှန်သူတို့ကို မေးမြန်းရာ၊ မနက်ဖြန် ရေကျမည်၊ သန်ဘက်ခါ ရေကျမည်လို့ ဆိုကြပေမယ့်လည်း ဟောတိုင်းမမှန်ပဲရှိနေတော့သည်။

ထိုအခါ ဘဝရှင်မင်းတရားကြီး ကိုယ်တော်တိုင် မေးတော်မူသော်လည်း ဟောသူတို့ လျှောက်တိုင်းမမှန်ရှိပြီး ရေမကျပဲရှိလေတော့သည်။ ထို့​ကြောင့် ဗားမဲ့ဆရာတော်ကို ပင့်ပြီး တိုင်ပင်တော်မူရာ အထက်ပါ ပေါရိသာဒအင်းကို လက်သုံးတော်ဓားတွင် ချစေပြီးမှ

အင်းဆံဂါထာဖြစ်သော

'' အဟံ သိဟော ပေါရိသာဒေါ ဝါယောဓာတု ''

ကို သရာဇ္စျာယ် ပြီးလျှင် ဓားပြချေဟူ၍ စေခိုင်းတော်မူသောအခါမှ

ညဥ့်တွင်းချင်းပင် ရေလျှောကျရလေသည် ဟု မှတ်တမ်းရှိဖူးသည်။ ဉာဏ်ရှိတိုင်းသုံးဟုလည်း ကျမ်းစာအမှာတွင် ပါရှိပါသည်။

#မင်းမြတ်သျှင်နောင်

#minmyatxhinnaung

#ပေါရိသာဒအင်း

    $18.00Price
    Quantity
    Product Page: Stores_Product_Widget

    Subscribe Form

    Thanks for submitting!

    • Facebook
    • Twitter
    • LinkedIn

    ©2021 by Min Myat Xhin Naung - Magic Wizardry and Occultism- မင်းမြတ်သျှင်နောင် မှော်အတတ်နှင့် အစီအရင်ပညာ. Proudly created with Wix.com

    bottom of page