top of page
သဗ္ဗဇော်ဂျီ ပီယသိဒ္ဓိ နတ်ဆေးဆီ

သဗ္ဗဇော်ဂျီ ပီယသိဒ္ဓိ နတ်ဆေးဆီ

တပေါင်းလပြည့်နေ့မှာ လိုအပ်တဲ့အမယ်တွေ စုဆောင်းပြီး ဆေးကြိတ်ပြီးခဲ့တဲ့ သဗ္ဗဇော်ဂျီပီယသိဒ္ဓိနတ်ဆေးတော်ကို - နေလှမ်းပြီးသည့်နောက် ယခုအခါ အမွှေးဆီအနေနဲ့ အသုံးပြုလို့ရပါပြီ။

ပီယသိဒ္ဓိဆေးအနေနဲ့ အမျိုးမျိုးရှိကြပေမယ့်၊ ဇော်ဂျီဆေးကိုတော့ သုံးဖူးသူ ရှားလိမ့်မယ်လို့တော့ ထင်မိပါတယ်ဗျ။ ဇော်ဂျီတွေ သူယောင်မယ်တွေကို ဆေးကြိမ်လုံးနဲ့တို့ မန္တာန်ရွတ်ပီး မိန်းကလေးအသွင်ဖန်တီးကာ ပျော်ပါးကြတယ်လို့တော့ လူတိုင်းကြားဖူးကြမှာပါ။

 

သဗ္ဗဇော်ဂျီ ပီယသိဒ္ဓိဆေးတော်ကို ဘလိုအသူံးပြုရလဲဆိုတော့ -

အမွှေးဆီကို မျက်ခုံးနှစ်ခုကြား သုတ်လိမ်းထားပြီးရင်

မိမိချစ်စေချင်သူ တစ်စုံတစ်ယောက်ကိုကြည့်ကာ မန္တာန်ရွတ်ပီး ချစ်လာအောင် ဖန်တီးနိုင်ပါတယ်။ မိမိရွတ်နေစဥ် လှည့်ကြည့်ပြီး မျက်လုံးချင်းဆုံသွားမိရင် အောင်မြင်ပါပြီ။

ရွတ်ရမယ့် မန္တာန်က -

'' ဥုံ ဟေမာဝန်တာ တောသာယာမှာ လှည့်ပတ်လို့သွား ရှင်ဇော်ဂျီပျံနတ်ယောကျ်ားချဥ်းဆြာချဥ်း၊

ဥုမ် ယထာဥမ္မတကောဝိယ ဒဿနေန မနောရမ္မံ ဧဟိ ပီယံ ကပ်ဆြာကပ်။ ''

- နှဖူးဆံစပ်တို့​ပြီး အပြင်သွားရင် လူအများရဲ့ စိတ်ဝင်စား​ခြင်းခံရမယ်။

မိမိကိုယ် မြင်တဲ့သူမှန်သမျှရူးလောက်အောင်ချစ်ပါစေဆိုတဲ့ ဆုတောင်းမျိုးရမယ်။

- မိမိသုံးမယ့်ပိုက်ဆံကို ဆေးတော်နဲ့ နဲနဲတို့ထား လက်ဖဝါးနဲ့ရိုက်ပီး ပြန်ဝင်လာခဲ့ပြောရင် ငွေတွေ တနည်းနည်းနဲ့ပြန်ရောက်လာမယ်။

- သုံးနေတဲ့ပိုက်ဆံအိတ်မှာတို့ထား ငွေမပြတ်ဘူး။

- စျေးခန်း၊ ဆိုင်ခန်း ​စျေးဝယ်သူ စည်ကားစေချင်ရင် ဇော်ဂျီ ဇီးကွက်ရုပ်ကိုဝယ်ပြီး နှဖူးမှာ အမွှေးဆီကိုသုတ်ထားပြီး စံပယ်ပန်း၊ဇီဇဝါ၊ ဇွန်၊ ဇလပ်ပန်းတစ်ခုခုကပ်ထားပေးပြီး မန္တာန် ၇ခေါက်ရွတ်ထားရင် လူကျလာလိမ့်မယ်။ ရွတ်ရမယ့် မန္တာန် -

'' ဥုံ စမ္ပာယ်နဂိုရ် ပြည့်ဖြိုးဝေစည်၊ ဇော်ဂျီပျံဝဲ ပျံဝဲ၊ အမတ်ပေါင်း စုံညီ ဇော်ဂျီမင်းတက် စီးပွားတက် ဆြာတက် ၊ ဧဟိ လာဘံ၊ ဧဟိဓနံ ချဥ်းဆြာချဥ်း။

- အချစ်ရေးမှာမြဲချင်တယ်ဆိုရင် စွယ်တော်ရွက်လေး ခူးပြီး တစ်ဖက်တစ်ချက်မှာ နာမည်၊ မွေးနံရေးပြီး အမွှေးဆီနဲ့တို့ပီး ခေါက်ပီး၊

လက်ထဲထည့်

'' ဥုံ ဗြဟ္မာမြေသို့သက်၊ ဇော်ဂျီပီယံ ဣတ္ထိစိတ္တံ (ပုရိသစိတ္တံ) မှိုင်းမှိုင်း '' ၇ ခေါက်ရွတပီး စာအုပ်ထဲ ထည့်ပီးညှပ်ထား၊ မြဲနေကော။

အစိုးရရုံး၊ မင်းကဏ္ဍားသွားလာဖို့ရှိတဲ့အခါ ဘယ်လက်ဝါးမှာသုတ်လိမ်းပြီး ၊ မိမိညာပုခုံးကိုပုတ်ပီး

'' ငါဟဲ့ ဖေဇော်ဂျီ လာပြီ'' ဟုရွတ်ပြီးတက်။

မိမိချစ်နှစ်သက်နေတဲ့ မိိန်းကလေးဆီသွားဖို့ရှိရင် ဆံပင်ကိုသပ်ပီးသုတ်လိမ်းသွား၊ ပြီးရင်

'' ဥုံ သူယောင်မယ်ညို လင်ကိုလိုသည်၊ လင်လှဇော်ဂျီ လာလေပြီ ၊ ဧဟိ ဣတ္ထိပီယံ ချဥ်းဆြာချဥ်း၊ ကပ်ဆြာကပ် ။ ''

ရွတ်ပီးတက်။ အမြန်ဆုံးနီးစပ်ခွင့်ရမယ်။

အရေးကြီးကိစ္စပြောစရာရှိရင် - နှုတ်ခမ်းအပေါ်နားမှာ တို့သွားပါ။

မိမိတို့ ဉာဏ်ရှိသလို ကွန့်မြူး

၍အသုံးပြုနိုင်ပါတယ်။

ဆေးဖော်စပ်ပုံက လိုအပ်တဲ့ပစ္စည်းတွေဖြစ်တဲ့ အင်းပေါင်း၊ ဆေးပေါင်းနံ့သာပေါင်း၊ကတိုး၊ ဖုံမသိမ်၊ မဟာဥပဿကာ၊ဥပသကာ၊ဂမုန်းပေါင်း၊ သွပ်သေစိမ်ပီယနံ့သာဆီ၊ သဇင်နီ၊ရက်ဆက်နီ၊ စပါးလင်ပွင့် ဖြူနီ၊ စကားပွင့်ဖြူနီ၊ စွယ်တော်ပွင့် နှင့် အခြားအမယ်များစွာကို စုဆောင်းပြီးနောက် -

ကျောက်ပြင်မှာ အင်းစာမတွေကိုချပြီး အမျှထည့်ပီး နံ့သာအမွှေးရည်နဲ့ ကြိတ်ရပါတယ်။

ဒီတခေါက်တော့ အရက်ပြန်မပါတဲ့

စံပါယ်ဖူး၊ ဇီဇဝါ၊ လာဗန်ဒါ၊ လီလီပန်း၊ ကြာပန်း၊ နံ့သာဖြူရနံ့ အကောင်းစား ပြင်သစ်အမွှေးဆီများဖြင့် ကြိတ်ခဲ့တာဖြစ်ပါတယ်။ ဆေးခဲသက်သက်ပင် တအိမ်လုံးကိုပြန့်ပီး အတော်မွှေးနေပါတယ်။

ပြီးရင် နေရိပ်မှာခြောက်အောင်လှမ်းပြီး၊ ဘုရားရှေ့၊ အရှင်ဂေါရမန္တပိဿနိုးသွင်းရှေ့၊ သိကြားရှေ့၊ သစ်ပင် ဥယျာဥ်ခြံမြေအတွင်းမှာ သက်ဆိုင်ရာ ဂါထာရွတ်ဖတ်ပီး သိဒ္ဓိတင်၊ အသက်၊ ဆေးကြူးရပါတယ်။

ယခုအခါ အဆင်သင့်သုံးစွဲနိုင်ရန် အမွှေးဆီပုလင်းအနေနဲ့ စီရင်ပီးပါပြီ။ အလိုရှိပါက မှာယူနိုင်ပါတယ်။

#သဗ္ဗဇော်ဂျီပီယသိဒ္ဓိနတ်ဆေးတော်

#မင်းမြတ်သျှင်နောင်

#minmyatxhinnaung

    $18.00Price
    Quantity
    Product Page: Stores_Product_Widget

    Subscribe Form

    Thanks for submitting!

    • Facebook
    • Twitter
    • LinkedIn

    ©2021 by Min Myat Xhin Naung - Magic Wizardry and Occultism- မင်းမြတ်သျှင်နောင် မှော်အတတ်နှင့် အစီအရင်ပညာ. Proudly created with Wix.com

    bottom of page