ပီယကာမအတွက် ဆွာဒိသန ချက္ကရာ ဟန်ချက်ညီအားကောင်းစေသော အမွှေးဆီ
SKU: 364115376135191
လူမှုဘဝ၏ ပီယကာမ အတွက် ဆွာဒိသန ချက္ကရာ ဟန်ချက်ညီအားကောင်း စေသော အမွှေးဆီ Essential oil which balance for Sacral Chakra (Swadhishtana Chakra) လူတစ်ယောက်ရဲ့ ရုပ်ကြမ်းခန္ဓာကိုယ်မှာ မဟုတ်ပဲနဲ့ ရုပ်နု ခန္ဓာကိုယ် ခေါ် ပရာဏ ခန္ဓာကိုယ်တွင် အဓိက ချက္ကရာကြီး ခုနှစ်ခုရှိကြတယ်။ ချက္ကရာ တစ်ခုစီတိုင်းမှာ လုပ်ဆောင်ချက်တွေ အကျိုးသက်ရောက်မှုတွေရှိကြတယ်၊ အဲ့ဒီအထဲကမှာ ဒုတိယမြောက် ဖြစ်တဲ့ Sacral Chakra ခေါ် ဆွာဒိသန ချက္ကရာအကြောင်း အနည်းငယ် ပြောသွားမှာဖြစ်ပါတယ်။ လိင်မှုကိစ္စဆိုတာ ရှက်စရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လွဲမှားစွာကျင့်သုံတဲ့အခါ ဘဝပျက်တဲ့အထိ ဒုက္ခရောက် စေပါတယ်။ ၎င်းက လူသားတွေရဲ့ လိင်မှုဘဝနဲ့ ဆက်စပ်နေတဲ့ ပြသနာတွေ၊ လုပ်ဆောင်ချက်တွေနဲ့ စပ်ဆက်နေပါတယ်။ လျစ်လျှူရှုမထားသင့်ပါဘူး။ တည်နေရာက လိင်အဂ်ါရဲ့အထက် ချက်အောက်ဘက် လက်လေးလုံး အကွာလောက်မှာ ရှိတယ်လို့ဆိုကြပါတယ်။ အဲ့ဒီချက္ကရာ လွှမ်းမိုးတဲ့အရာတွေကတော့ပျော်ရွှင်၊ ဝမ်းနည်း၊ ကြောက်ရွံ ့ ၊ဒေါသထွက်ခြင်းတွေ၊ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ၊ ဆန်းသစ်တီထွင် ဖန်တီးချင်စိတ်၊ ရှင်သန်မှုဘဝ၊ ဆန့်ကျင်ဘက်လိင်အပေါ် သာယာ တပ်မက်မှု၊ လိင်စွမ်းဆောင်ရည် ပြည့်ဝမှု၊ ကိုယ့်ကိုယ်ကို သိရှိမှု၊ ဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းရည်၊ အပြစ်တင်ခံ၊ ရှံ့ချခံနိုင်ရည်တွေ၊ လူမှု ဆက်ဆံရေး ၊ဂုဏ်သိက္ခာ၊ ကျားမ အသွင်အပြင်လက္ခဏာ၊ လိင်အဂ်ါမျိူးပွားအဂ်ါ စအို၊ အူတွေ၊ သွေးဖြူဥ၊ သုက်ရည်၊ မျိူးဥအိမ်၊ အာရုံခံစနစ်၊ သရက်ရွက်၊ ရေဓာတ်လှည့်ပတ် ခြင်းတွေနဲ့ သက်ဆိုင်ပါတယ်။ ၎င်းချက္ကရာ ပိတ်ဆို့နေခြင်း၊ အားနည်းတာ၊ ဟန်ချက်ပျက်တာမျိုးဆိုရင် အထက်ပါ အစိတ်အပိုင်းတွေနဲ့ ပတ်သတ်နဲ့ နေရာတွေမှာ ပြသနာပေါ်လာပါတယ်။ လိင်စိတ်လွန်ကဲတာတွေ၊ လိင်စိတ်မရှိတာတွေ ပန်းသေပန်းညှိုး ၊ အရှက်မရှိရုတ်ရင်းစွာဆဲဆိုတာ၊ အရက်မူးယစ်ဆေး အလွန်အကြွံ သုံးစွဲတာတွေ၊ ငွေဂုဏ်မောက်တာ၊ အာရုံကြော စနစ်ဖောက်ပြန်လာတာတွေ၊ လိင်နဲ့ ပတ်သတ်ပြီး အရှက်အကြောက် ကင်းလာတာတွေ၊ သားအိမ်၊ မွေးလမ်းကြောင်း သားမြတ် ရောဂါတွေ၊ငေးငိုင် မှိုင်တွေ၊ အာရုံစူးစိုက်လွန်နေတာ၊ အတက်ကြွလွန်တာ၊ ခံစားချက်ကို မထိမ်းသိမ်းနိုင်တာ၊ ဒူးခါးကြော၊ အစာအိမ်ပြသနာတွေတွေ့လာရတာ၊ အမြဲတမ်း အပြစ်ရှိသလို ခံစားရတဲ့စိတ်၊ depression ဝင်တာ၊ သတ်သေချင်တာ၊ လိပ်ပြာမလုံမလဲ ဖြစ်တာ စတဲ့ စိတ်နဲ့ ကိုယ်မှာ ရောဂါပြသနာတွေ ပေါ်လာပါတော့တယ်။ ယနေ့ခေတ်ဆို ပိုတောင်ထင်ရှားလာပါတယ်။ ဘက်စ်ကားပေါ်တွေမှာ မိန်းကလေးတွေကို မဖွယ်မယာလုပ်တာ၊ စုံတွဲတွေ အများသူငှာနေရာ မရှောင် ဘုရားကျောင်းကန်တွေမှာပါ လိင်စိတ်လွန်ကဲတဲ့ အပြုအမူတွေဖြစ်လာတာ၊ အဓမ္မကျင့်တာတွေ၊ ထစ်ခလဲရှိဆဲဆိုတာမျိုးတွေ၊ ဒါတွေက ပုံမှန်တွေးကြည့်ရင် စိတ်မထိန်းနိုင်တာ၊ ကိုယ်စိတ်ကိုယ်မနိုင်တာလို့ ပြောကြပေမယ့်၊ အဲ့ဒါတွေရဲ့နောက်ကွယ်က အဓိက အကြောင်းတရားတခုက အဲ့ဒီ ဆွာဒိသန ချက္ကရာအားနည်းလို့ ဟန်ချက်မညီ ပိတ်ဆို့လို့ ဖြစ်ပေါ်လာရတဲ့ ပြသနာတွေပါ။ ပြီးတော့ အိမ်ထောင်သည် တွေမှာ အငယ်အနှောင်းထားတာတွေ၊ သမီးရီးစား စနိုက်ကျော်တာတွေက အစ၊ လူမှုဘဝရဲ့ ပြသနာ အထွေထွေတွေ ဟာ ၎င်းချက္ကရာ နဲ့ သက်ဆိုင်နေပါတယ်။ အဓိဌာန်ဝင်ချိန်၊ မှော်သောက်၊ မှော်ဆေးပေါက်ပီးချိန်တွေ၊ ဘုရားတရားလုပ်ချိန်တွေမှာ လိင်စိတ်အလွန်အမင်းဖြစ်ပေါ်လာတာတွေဟာလဲ ၎င်း ချက္ကအားကောင်းလွန်းရင်လဲ ဖြစ်တတ်ပါတယ်၊ အကောင်းဆုံးက မျှ မျှ တ တဖြစ်နေဖို့အရေးကြီးပါတယ်။ အဲ့တော့ ၎င်းချက္ကရာ ဟန်ချက်ညီအောင် ဘလိုထိန်းရမလဲဆိုတော့ ကျနော်က ပုံပါအတိုင်း ပြည့်စုံအောင်စီရင်ထားပါတယ်။ ၎င်းချက္ကရာ နဲ့ သက်ဆိုင်တဲ့အရာတွေကတော့ ကျောက်တွေမှာဆို - စကျင်၊ ထုံးကျောက်၊ ပယင်း၊မဟူရာအနီ၊ ဥဿဖယား၊ သန္တာ စတဲ့ကျောက်အချို့ကို ဖန်ပုလင်းထဲထည့်ထာပါတယ်၊ ပြီးလျှင် ချက္ကာဟန်ချက်ညီစေတဲ့ ရနံ့ တွေဖြစ်တဲ့ လိမ္မော်၊ လာဗန်ဒါ၊ စံပါယ်၊ စန္ဒကူး စတဲ့ ရေမွှေးနဲ့ရောတယ်။ အရောင်မှာဆိုရင် လိမ္မော်ရောင် ၊ အနီရောင်တွေပါ။ အထဲက အင်းလိပ်လေးကတော့ ပီယအတွက်ပါ။ ပုံမှာကြည့်ပါ၊ အမြင်မသင့်တော်မှာစိုးလို့ အနည်းငယ် ဖျက်ထားပါတယ်။ ကြေးပြားမှာ မောင်နှံ့နှစ်ဖော်အရုပ်ဆွဲ ဂါထာရံ ၎င်းဂါထာနဲ့ ၁၀၈ အုပ်စုပ်၊ အစီအရင်လုပ်တဲ အတိုင်းဆက်လုပ်သွားပါ။ ပြီးရင် ခုနက ကျောက်တွေ၊ အမွှေးစီထည့်တဲ့ ဖန်ပုလင်းထဲထည့်၊ အနီရောင်အားပေးတော့ ကြိုးအနီ ပုလင်းလည်ပင်းရစ်ပတ်ထားမယ်။ ၎င်း ချက္ကရာနဲ့ သက်ဆိုင်တဲ့ မန္တန်က - ဗမ် (VAM) ဖြစ်တဲ့အတွက် ပုလင်းအပြင်မှာ ရေးထားပေးပါတယ်၊ တနေ့ကို အိပ်ယာ အဝင် အထ ၅ - ၁၀ မိနစ်ခန့် ၎င်း ဗမ် ကို ဆွဲပီးရွတ်ပေးရမယ်။ ကဲဗျာ ဒါဆိုရင်ဘဲ ပီယကောင်းဖို့ ဝိုင်းဝိုင်းလည်နေဖို့ အတွက်ဆိုရင် အထဲက အင်းကဆောင်ရွက်ပေးမယ်။ ပြီးရက် ကိုယ့်ရဲ့ ချက္ကရာဟန်ချက်ညီနေဖို့ကို ၎င်း အမွှေးဆီတွေ ကျောက်တွေက ဆောင်ရွက်ပေးပါလိမ့်မယ်။ ၎င်း ချက္ကရာအားကောင်းလာတဲ့ အခါ မိမိကိုယ်တိုင်က ပီယအတုံးကြီးဖြစ်လာပြီး ဘယ်နေရာသွားသွား စန်းပွင့်နေမယ်၊ ဆန့်ကျင်ဘက် လိင်တွေကို ဆွဲဆောင်နိုင်မယ်၊ မိမိကိုယ်ကို စိတ်ကျေနပ်မှုဖြစ်မယ် နောက်ဆို ပီယဆေး ဘာညာတွေတောင် ဆောင်ဖို့ မလိုတော့ဘူးပေါ့၊ အရေးကြီးတာက လိင်မှုဘဝမျှတဖို့နဲ့ အိမ်ထောင်ရေးသုခ ခံစားရဖို့ပါ။ မဟုတ်ရင် ပီယကာမလိုင်းတွေလိုက်စားပြီး မိန်းမလိုက်စားလို့ စီးပွားပျက်၊ လိင်နဲ့ပတ်သတ်တဲ့ HIV၊ AIDS၊ ဂနို၊ ဆစ်ဖလစ်၊ ကာလသားရောဂါတွေဖြစ် ၊ဂုဏ်သိက္ခာတွေ ကျဆင်းရင် ဘယ်တန်ပါ့မလဲဗျ။ ဘုရား၊ ရဟန်းတာ မဖြစ်သေးတော့ ကာမဂုဏ်ကို မပါယ်နိုင်သေးဘူးပေါ့၊ လူငယ် သဘာဝ ပီယကာမ လိုက်စားတာ အပြစ်လို့ပြောလို့မရပေမယ့်။ အလွန်အမင်း မဖြစ်ဖို့၊ မှန်ကန်ဖို့တော့လိုအပ်ပါတယ်၊ လိင်မှုတွေကြောင့် အိမ်ထောင်ရေးဖောက်ပြန်တာတွေ၊ ပျက်စီးတာတွေ၊ မဖြစ်ဖို့၊ အဓမ္မရာဂ တွေမဖြစ်ဖို့က အဓိကပေါ့။ ။ အဲ့လိုဖြစ်တယ်ဆိုတာလဲ ဆွာဒိသန ချက္ကရာ အားနည်းဟန်ချက် ပျက်လာတာကြောင့်ပဲ ဖြစ်ပါတယ်။ အမွှေးဆီက ဘလိုသုံးရလဲဆိုတော့ ကိုယ်မှာ ဆောင်ထားလို့ရတယ်၊ အိမ်ခါနီး အိပ်ယာအနားမှာ ထားပေးရမယ်။ ခန္ဓာကိုယ် သွေးပြန် သွေးလွှတ်ကြော နေရာတွေ အဝတ်အစားတွေမှာ အနည်းငယ် စွတ်ပေးရမယ်။ ရေမကြာခဏကူးပေးပါ။ အနင်းအနှိပ်ခံတာ၊ အကျောလျှော့တာ လုပ်ပါ။ အစေ့အဆံ အခွံ မာ အသီးတွေစားပေးပါ။ လိမ္မော်သီး၊ မုန်လာဥနီ၊ငရုတ်ကောင်း၊ ရွှေဖရုံ၊အာလူး၊ သရက်၊ သဘော်သီး၊ Vitamin A. C စတာတွေစားပေး၊ Frequencies - 303 ရှိတဲ့ Dသံစဥ် (ရေ - RE) ကို နားထောင်ပေးပါ။ ဒါဆိုရင် ၎င်း ဆုဒါသန ချက္ကရာက ဟန်ချက်ညီလာပြီး ပီယအားကောင်းလို့ ဆော်ကြည်၊ ဘဲကြည်ဖြစ်လာတာကော၊ လိင်မှုဘဝ၊ လိင်စိတ်၊ အိမ်ထောင်ရေးသုခတွေကော အစရှိတာတွေမှာ အေးချမ်းကောင်းမွန် ပြည့်စုံလာပါလိမ့်မယ်ဗျာ။ အထက်ဖော်ပြပါ အမွှေးဆီတွင် ချက္ကရာအားကောင်းစေတဲ့ ပစ္စည်းတွေနဲ့ စီရင်ထားခြင်းဖြစ်ပါတယ်။ အေးချမ်းကြပါစေဗျာ။ #don_frado #minmyatxhinnaung #essential_oil_for_sacral_chakra
PRODUCT INFO
I'm a product detail. I'm a great place to add more information about your product such as sizing, material, care and cleaning instructions. This is also a great space to write what makes this product special and how your customers can benefit from this item.RETURN & REFUND POLICY
I’m a Return and Refund policy. I’m a great place to let your customers know what to do in case they are dissatisfied with their purchase. Having a straightforward refund or exchange policy is a great way to build trust and reassure your customers that they can buy with confidence.SHIPPING INFO
I'm a shipping policy. I'm a great place to add more information about your shipping methods, packaging and cost. Providing straightforward information about your shipping policy is a great way to build trust and reassure your customers that they can buy from you with confidence.
$23.00Price

