စတုမဏ္ဍိုင် ပီယသိဒ္ဓိအင်း
#အချစ်ရေး ၊ အိမ်ထောင်ရေး၊ ပီယကိစ္စများတွင် မိမိအလိုရှိသလို စေစားနိုင်သည့်
#စတုမဏ္ဍိုင်ပီယသိဒ္ဓိအင်း
တစ်စုံတစ်ဦးကို ချစ်မြတ်နိုးလို့ပဲဖြစ်ဖြစ်၊ ချစ်သူ အိမ်ထောင်ဘက်တွေကြားမှာ ပဲဖြစ်ဖြစ်
မိမိကို ချစ်လာစေရန်၊ ချစ်ခြင်းတွေတိုးတက်ခိုင်မြဲစေရန်အတွက်ပဲ ဖြစ်ဖြစ် စီရင်၍ အသုံးပြုနိုင်ပါတယ်။
အလယ်မှာ သာသနာငါးထောင်
စေအင်းနဲ့သွားထားတဲဖြစ်တဲ့အတွက်ကြောင့်မလို့ မိမိအလိုရှိတဲ့ကိစ္စကို ပြီးမြောက်စေရန် လေးဘက်လေးတန် အင်းနယံများကပါ ပံ့ပိုးပေးသည့် သဘောမျိုးဖြစ်ပါတယ်။
တစ်နည်းအားဖြင့် အလယ်အင်းရှိမိမိဖြစ်လိုသော ဆန္ဒအား သက်ဆိုင်ရာ ပတ်လည်အင်းများမှ ကွန်ယက်သဖွယ် အကျိုးအာနိသင်လွှမ်းခြုံ ပေးထားသဖြင့် ပီယအင်းကွန်ခြာလို့လဲ မြည်ပါတယ်။
အင်းဆံမှာ -
အပေါ်- ပီယာဝါယေပီယေသွာဟုံ။
အောက် - နယေပရံယုတ္တေသွာဟုံ။
ဝဲ - မိုးမရွာတိမ်ပြာတပိုင်းဖုံး။
ယာ - မောင်မလာ မယ့်မှာသတင်းသုံး။
အလယ် - သာသနာငါးထောင်စေအင်း။
(ဥပမာ- အောင်မင်း ကို ဖြိုးဖြိုး
ကတန်းတန်းစွဲချစ်လာစေ)
စာလုံးအလိုက်နံကောက် ပြီး အားလုံးပေါင်း။
ပေါင်းလဒ်ကို ဂြိုလ်ရှစ်လုံးနဲ့မြှောက်။
သာသနာ၅၀၀၀ ထဲကနေ
မြှောက်လဒ်ကိုနှုတ်။
နှုတ်လဒ်ထဲကနေမှ
ခုနက စာလုံးပေါင်းခြင်းတွေကို
၉ဆင့်စီ ပြန်ပေါင်းသွား။
အဆုံးမှာ သာသနာ၅၀၀၀ ပဲပြန်ရ
လိမ့်မယ်။ လက်ယာရစ် ခရုပတ်ချပါ။
အတွင်းပတ်လည် - အောင်ပ၊ကုလား၊ဆွေသား၊တော်ရင်း ။
အပြင်အင်းစောင့် - ကြီးလေးကြီးရံ။
အပြင်ဘက်လေးတန်မှာ - ကယှက်ယယှက် က္ယ ။
အပေါ်အောက် - စဓဗဝ၊ ဝစဓဗ ။
ဝဲယာ - ကယမထ၊ ထကယမ ။
အပေါ်အောက် - မိမိနံ ၊လိုသူနံထည့်။
ဝဲယာ - မိမိနံ ၊လိုသူနံထည်။
ကျနော်က မီးထွန်းအင်းအဖြစ်စီရင်တာဖြစ်တဲ့အတွက်၊ ဆောင်အင်းအနေနဲ့သုံးချင်ရင် - အင်းဆံအနည်းငယ်ပြောင်းနိုင်တယ်။
ပီယာဝါယပေီယံမမ။
ဥုမ် နယေပရံယုတ္တေကပ်။
မိမိနံ ၊ လိုသူနံ။
ထည့်ပြီးဆောင်၊ ပီယမှာ အခေါင်အထိပ်။
ဥပမာ - အလယ်မှာ - ဗောဓိပက္ခိယအင်း၊ ဘက်လေးတန် - ဖုဌဿအင်း၊
အတွင်းလေးခု - ကြီးလေးကြီး။
နံလေးခု သံ၊ဂုံ၊ပ၊မ ထည့်ပီး။
အလယ် - မိမိနံထည့်ပြီး ကိုယ်နဲ့မကွာဆောင်ထားရင်ဖြင့်၊
နင်လားဟဲ့ လောကဓံဆိုပြီး လက်ခမောင်းတောင်ထခပ်လို့ရပါတယ်။
အခုကက ပီယအတွက် စီရင်ထားတာပါ။
ပိုပီးအကျိုးထူးအောင် ဂဝံမျက်နှာဖုံးပီယဆီနဲ့ မဆစ်ဆီရောပြီး လိုသူဓာတ်ပုံဖြစ်ဖြစ်၊ အဝတ်ဖြစ်ဖြစ်မီးဇာပြုပြီး ထွန်းစေပါတယ်။
ဥာဏ်စေစားပြီးလိုအပ်သလို သုံးနိုင်ပါတယ်။
#minmyatxhinnaung
#စတုမဏ္ဍိုင်ပီယငိဒ္ဓိအင်း။

