ကာကွယ်စောင့်ရှောက်သည့် နတ်သူငယ်တော်ထားရှိခြင်း အစီအရင်
#ကာကွယ်စောင့်ရှောက်သည့်
နတ်သူငယ်တော်ထားရှိခြင်းအစီအရင်
ကျား၊မ မရွေးဆောင်ယူနိုင်ပါတယ်။
ယခုလိုခေတ်ကာလမကောင်းတဲ့အခြေအနေမျိုးတွေနဲ့ မိမိချစ်သူ
ဒါမှမဟုတ်၊ မိမိကိုယ်တိုင်အတွက်
ကာကွယ်ဖို့ အသုံးပြုနိုင်ပါတယ်။
ဘလိုမျိုးလဲလို့ စဥ်းစားမိပါလိမ့်မယ်၊ အဓိက ကတော့ဗျာ၊
ရီးစားကို ဥစ္စာခြောက်ပီး အပူလုံးမိနေတဲ့ သူအတွက်ကို စီရင်ပေးဖို့အတွက်ပါ။ 😂
အကိုဆရာရယ်၊ ကျနော့်ချစ်သူကအဝေးမှာ ကျနော်နဲ့သူနဲ့က လူချင်းလဲသိပ်မတွေ့ရဘူး။
- သူအလုပ်လုပ်နေတဲ့ ပတ်ဝန်းကျင်မှာ၊ သူနေတဲ့ပတ်ဝန်းကျင်တွေမှာ
သူ့ကို လိုက်ပီးကြိုက်နေတဲ့သူတွေ နှောက်ယှက်နေတဲ့သူတွေရှိတယ်ဗျာ၊
ကျနော်ကလဲ အနားကိုအမြဲမရောက်နိုင်ဘူး၊ စိတ်ပူလိုက်တာဗျာ၊ ဘလိုလုပ်ရမလဲဆိုလို့ -
- နောက်ပီး မိန်းကလေးတစ်ယောက်ထဲ၊ ယောကျာ်းလေးတစ်ယောက်ထဲ သွားလာလှုပ်ရှားနေရတာ အန္တရာယ်တွေ၊ လူဆိုးလူမိုက်တွေနဲ့ ကြုံရမှာ ကြောက်လို့ပါ ဆိုတာတို့ -
- ကျနော့်သမီးလေးက ညဆိုလန့်လန့်ပြီး ငိုငိုနေတာဗျာ၊ မာတြာမြန်းဖမ်းစားသလား၊ မကောင်းတဲ့အနှောက်အယှက်တွေကြောင့်လား၊ ဒါမှမဟုတ်၊ လူကြီးတွေမသိခင် ပျောက်သွားတာတွေ၊ သူတပါးဖမ်းခေါ်သွားတာမျိုးတွေဖြစ်မှာ စိုးရိမ်လို့ပါဗျာ၊
ဆိုသူတွေအတွက် အလွန်အသုံးဝင်တဲ့ ဂမ္ဘီရ အစီအရင်ပါ။
၎င်းအင်းကားချပ်ကို နည်းလမ်း(၃) မျိုးနဲ့ အသုံးပြုနိုင်ပါတယ်။
(၁) မိမိရဲ့အဝေးမှာရောက်နေတဲ့ မိမိချစ်သူ၊ဒါမှမဟုတ် တစ်စုံတစုံတယောက်ကို ကာကွယ်ပေးဖို့အတွက် အင်းကားချပ်ရှေ့မှာ ဖယောင်းတိုင်ထွန်းပီး၊ ထိုသူဆီ နတ်သူငယ်တော်အား ပေးပို့ စေလွှတ်ကာအကာအကွယ်ပေးစေခြင်း။
(၂) မိမိကိုယ်တိုင် နတ်သူငယ်တော်အင်းကားချပ်ကို ဆောင်ထားပြီး အကာအကွယ်ပြုထားခြင်း။
(၃) ဆွတ်ဖြန်းဖို့ စီရင်ထားတဲ့ နတ်သူငယ်တော် အမွှေးဆီကို မိမိခန္ဓာကိုယ်၊ ဒါမှမဟုတ်၊ အိမ်၊ကား၊ခြံ၊ ပစ္စည်းဥစ္စာများတွင် ဆွတ်ဖြန်း၍ အကာအကွယ်ပြုထားခြင်း နည်းလမ်းတွေပဲဖြစ်ပါတယ်။
ဒီ နတ်သူငယ်တော်ကိုအကာအကွယ်တစ်ခုတည်းသာမက
- ပီယအတွက်ဆိုရင် ဒိုင်းနဲ့လှံတံနေရာမှာ ၊ ကြာဖူးနဲ့ စွယ်တော်ရွက်ကို ရေးဆွဲကာ သွတ်သွင်းရမယ့် စာမ အက္ခရာများကို ပြောင်းလဲထည့်သွင်းပြီး စီရင်ရပါမယ်၊
- လာဘအတွက်ဆိုရင် ရွှေတုံးပေါ်တွင်ထိုင်နေသည့် ပုံစံနှင့် စာမအက္ခရာများ ပြောင်းလဲထည့်သွင်းကာ စီရင်ရပါမယ်။
ရှေးအလွန်ကျသော အက္ခစာမပုံစံများဖြင့် ထည့်သွင်းစီရင်ထားခြင်းဖြစ်ပါတယ်။ အထက်ပါ နည်းလမ်း (၃)အခုအတိုင်းသုံးနိုင်တယ်။
ဘလိုအသုံးပြုရလဲဆိုရင် -
နံပါတ် (၁) နည်းလမ်းအတိုင်း အသုံးပြုပီး ဥပမာ - မိမိချစ်သူဆီကာကွယ်ပေးဖို့ စေလွှတ်ထားတယ်ဆိုရင် - သူ့ကိုလာပြီး ထိပါးနှောက်ယှက်တဲ့ ကောင်တွေကို နောက်မလုပ်ရဲအောင် ဆုံးမတာ၊ ကိုယ်ထိလက်ရောက် မကြူးလွန်နိုင်အောင် ကာကွယ်ပေးတာ၊ မိမိချစ်သူနား မကပ်စေလိုတဲ့ တစုံတယောက်ကို အနားမလာနိုင်စေရန် နတ်သူငယ်တော်ကို ပြောကြားကာ ဟန့်တားထားနိုင်ပါတယ်။
- နံပါတ်(၂) အရ-
အင်းလိပ်အဖြစ် လိပ်ပြီးဆောင်ထားလို့လဲရတယ်၊ လည်မှာဆွဲလဲရတယ်။
အရေးအကြောင်းကြုံတဲ့အခါ ရန်သူနဲ့ရင်ဆိုင်တွေ့ရတဲ့အခါ အင်းလိပ်ကို ကိုင်ပီး အရံဂါထာကို ရွတ်ပေးရင် ကိုယ်ကတစ်ယောက်ထဲပေမယ့်၊ ရန်သူ့မျက်လုံးထဲမှာ ကိုးဗိုလ်ကိုးတပ်လောက် ထင်သွားစေပြီး အန္တရယ်
မပြုရဲတော့ပါ။ အတိုက်အခိုက်ရှိရင် အိပ်မက်ပေးပါတယ်၊ကာကွယ်ပေးပါတယ်၊ မိမိနဲ့ နတ်သူငယ်တော်ပဲ သိရမယ့် နာမည်နဲ့ ဆက်သွယ်မှုမျိုးတစ်ခုတော့ ထားရှိပေးရမယ် ။
နံပါတ်(၃) အရ၊ နတ်သူငယ်တော် အမွှေးဆီဖြန်းထားတဲ့အရာမှန်သမျှ နတ်သူငယ်တော်ရဲ့ အကာအကွယ်ကို ရရှိနေမှာပဲဖြစ်ပါတယ်။ ပီယအတွက်စီရင်ပြီး နတ်သူငယ်တော်
ပီယဆီအဖြစ်လည်း သုံးလို့ရပါတယ်၊
စတင်ဆောင်ယူသည့်အခါ -
နတ်သူငယ်တော်အား ချောကလက်၊ ခရင်မုန့်၊ မုန့်အချိုများ၊ အချိုရည်၊ အမွှေးတိုင်၊ဖယောင်းတိုင်၊ ပန်းအဝါတစ်ပွင့် စသည်ဖြင့် လှူဒါန်းပြီး အသိအမှတ်ပြုပေးရပါမယ်။
- ရုပ်ထုအနေဖြင့်လည်း နံသင့်သစ်သားဖြင့် ထုလုပ်ပီးလည်းဆောင်နိုင်ပါတယ်။
# ဒီနတ်သူငယ်တော်ရဲ့ ထူးခြားချက်က -
- နတ်သူငယ်တော်သည် ခြေတွင်စီးနင်းထားသည့် စာမစက်တန်ခိုးဖြင့်
မိမိကအကူအညီတောင်း သွားစေလိုတဲ့အခါ မည်သည့်နေရာမဆို တစ်ခနခြင်း သွားရောက်နိုင်ခြင်း။
(ဥပမာ - ရန်ကုန်မှနေပီး မြစ်ကြီးနားက မသီတာ ဒုက္ခရောက်နေလို့ပါ သွားရောက်ကူညီပေးပါခဗျ လို့ဆိုရင်၊ သွားရောက်နိုင်ခြင်း။)
- ဓာတ်လေးပါး ဖြင့် ပါဝင်ဖွဲ့စည်းထားသည့် မည်သည့်တိုက်ခိုက်မှုမဆို ကာကွယ်နိုင်ခြင်း။
- ရတနာသုံးပါးနှင့်ဆန့်ကျင်သည့် အရာတွေကို နှိမ်နှင်းနိုင်ခြင်း။
အကယ်၍ ကိုယ်က ကိစ္စတခုခုကို အကူအညီတောင်းလို့ အောင်မြင်ခဲ့ရင်လဲ အထပ်ပါအတိုင်း ပသပြီး ကျေးဇူးပြုပေးရပါမယ်။
၎င်းနတ်သူငယ်တော် ကိုဆောင်ထားခြင်းဖြင့် လူကိုခိုက်ခြင်း၊ အန္တရယ်ဖြစ်တတ်ခြင်းမရှိပါ။
ကိုယ်က အကူအညီတောင်းတာ အောင်မြင်လို့ ကျေးဇူးပြုဖို့မေးတာမျိုးရှိခဲ့ရင် နောက်တခါအကူအညီတောင်းတဲ့အခါ ကျန့်ကြာတတ်တာမျိုးတော့ ရှိတတ်ပါတယ်။
လူ ကတိ နတ်ကတိတော့ တည်ရပါမယ်။
#မင်းမြတ်သျှင်နောင်
#ကာကွယ်စောင့်ရှောက်သည့်နတ်သူငယ်တော်ထားရှိခြင်းအစီအရင်

